Tuesday, March 15, 2011

SSA နဲ့ နအဖ တပ်တွေကြား တိုက်ပွဲတွေဖြစ်


ရှမ်းပြည်တပ်မတော် SSPP/SSA

ရှမ်းပြည်နယ်အတွင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ နအဖ တပ်တွေအကြား ဒီကနေ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

တန်ယန်းမြို့တောင်ဘက် မုံးကောင်းမြို့နားမှာ နေ့လည် ၁၂ နာရီလောက်က ဖြစ်ခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်း တဖက်ကို လူအင်အား လေးငါးရာလောက် ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။


နအဖ ဘက်က တပ်ဖွဲ့ဝင်တွေထဲမှာ မုံးကောင် အခြေစိုက် ခလရ ၃၃ က တပ်ဖွဲ့ဝင်တွေပါပြီး ဒေသခံ လားဟူပြည်သူ့စစ်တွေလည်း စစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နအဖ တပ်က လားရှိုး တန့်ယန်းကနေ မိုင်းရှုးတပ်ကို စစ်အင်အားဖြည့်ဖို့ တက်လာတဲ့အချိန်မှာ SSA တပ်မဟာ ၁ နေနေတဲ့ နမ့်မလောင်းရွာနား အရောက်မှာ ရုတ်ခြည်းစတိုက်တာလို့ SSA တပ်မဟာ ၁ က အရာရှိတဦးက ပြောပါတယ်။
 
ဒီတိုက်ပွဲတွေဟာ ရွေးကောက်ပွဲအပြီး SSA နဲ့ စစ်အစိုးရတပ်တွေအကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေထဲမှာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မိုင်းရှုးမြို့မြောက်ဘက် မုံးပိုင်ကျေးရွာမှာ နအဖ တပ်နဲ့ SSA တပ်မဟာ ၁ တပ်တွေအကြား ထိပ်တိုက်တိုးပြီး တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။

အဲဒီတိုက်ပွဲတွေအတွင်း နှစ်ဖက်စလုံးဘက်က တပ်သား ၁ ယောက်စီ သေဆုံးခဲ့ပြီး ရွာသားတဦး ဒဏ်ရာရသွားခဲ့ပါတယ်။

သတင်း - ဘီဘီစီ
Photo : SSPP/SSA


No comments: