Tuesday, March 15, 2011

ဖီဖာ ဥက္ကဋ္ဌ မြန်မာနိုင်ငံကို လာရောက်

FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr Sepp Blatter ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာခရီးစဉ်အဖြစ် ဒီကနေ့ ရောက်ရှိလာပါတယ်။

 
ဒါဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတယောက်အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တာလည်း ဖြစ်ပါတယ်။


မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ရဲ့ဖိတ်ကြားချက်နဲ့ ရောက်လာတဲ့ Mr Sepp Blatter ဟာ ဒီကနေ့ နေ့လည်က FIFA ရဲ့ Gold Project တခုထဲမှာပါတဲ့ မန္တလေး ဘောလုံးအကယ်ဒမီ ဖွင့်ပွဲကို သွားရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

အဲဒီနောက် ရန်ကုန်ကိုပြန်ရောက်လာပြီး သုဝဏ္ဏအားကစားရုံက ပန္နက်ရိုက်အခမ်းအနားတခုကိုလည်း သွားရောက်ခဲ့ပါတယ်။

မစ္စတာ ဘလက်တာက မြန်မာနိုင်ငံဟာ အာရှအားကစားလောကမှာ တက်ကြွတဲ့အခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားနိုင်ဖွယ် ရှိတယ်လို့ ညနေပိုင်းပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဘောလုံးအားကစားဟာ နိုင်ငံရေးနဲ့ အစိုးရထောက်ခံအားပေးမှုမပါဘဲ ရပ်တည်လို့မရကြောင်း၊ ဒါ့ကြောင့် မနက်ဖြန်မှာ လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်ကို သူ သွားရောက်တွေ့ဆုံမှာဖြစ်ကြောင်း မစ္စတာ ဘလက်တာ က ပြောသွားပါတယ်။

သတင်း - ဘီဘီစီ
Photos : AP, Reuters, Getty Images


No comments: