Thursday, March 10, 2011

တရုတ်-မြန်မာ နယ်စပ်မှာ မြေငလျင်လှုပ်

  
မြန်မာနိုင်ငံနယ်စပ်အနီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ မြေငလျင်လှုပ်ခတ်သွားခဲ့တဲ့အတွက် လူပေါင်း ၂၀ ကျော် သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

အဲဒီ ဒဏ်ရာရသူတွေထဲမှာ မြန်မာလူမျိုးတယောက်ပါတယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ရဲတွေ၊ မီးသတ်သမားတွေနဲ့ စစ်သားတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။


 
 
တရုတ်နိုင်ငံမှာပြသတဲ့ ရုပ်မြင်သံကြားမှာ ပြိုကျသွားတဲ့ အဆောက်အဦပျက်ပုံထဲကနေ လူတွေကို ဆွဲထုတ်နေပုံတွေ ပြသခဲ့ပါတယ်။ 


ယူနန်ပြည်နယ် ရင်ဂျန်ဒေသမှာ ဒေသအချိန် နေ့လည်လောက်က ပြင်းအား ၅ ဒဿမ ၈ ရှိတဲ့ မြေငလျင်လှုပ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ လူတွေအတော်များများ နေအိမ်တွေမှာ ရှိနေကြတဲ့အချိန်လည်း ဖြစ်ပါတယ်။

 အဲဒီ ရင်ကျန်မြို့မှာနေတဲ့ မြန်မာတယောက်ကတော့ မြေငလျင်လှုပ်လို့ ကုန်တိုက်ကြီးတခု အပါအဝင် အဆောက်အဦတွေ ပြိုကျတာကို မြင်ခဲ့ရတဲ့အကြောင်းနဲ့ ဒဏ်ရာရသူတွေကို တွေ့ခဲ့ရတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံဘက်မှာလည်း ငလျင်လှုပ်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှုနဲ့ အပျက်အစီး ရှိတယ်ဆိုတဲ့သတင်းတွေ မကြားရပါဘူး။

သတင်း - ဘီဘီစီ
Photos : Getty Images, AP


No comments: