မြန်မာတိုင်းမ် သတင်းစာရဲ့ CEO ဒေါက်တာ တင်ထွန်းဦးနဲ့ တခြား မြန်မာတိုင်းမ် အကြီးအကဲ တယောက်ဖြစ်တဲ့ ဦးဝေလင်းတို့က အာမခံပေးကြပြီး အာမခံနဲ့ပတ်သက်လို့ မတ်လ ၈ ရက်နေ့မှာ နှစ်ဖက်ရှေ့နေတွေ လျှောက်လဲကြမှာ ဖြစ်ပါတယ်။
မစ္စတာ ဒန်ကလေကို ကမာရွတ်မြို့နယ် တရားရုံးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးချိန်ကလည်း သူ့ကို အာမခံပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဝင်ရောက် ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့တဲ့ ဒေါက်တာ တင်ထွန်းဦးက မြန်မာတိုင်းမ် အယ်ဒီတာချုပ် တာဝန်ကို မစ္စတာ ဒန်ကလေကို ဖမ်းဆီးပြီး ၃ ရက်အကြာမှာ လွှဲပြောင်းယူပါတယ်။
ကမာရွတ်မြို့နယ် တရားရုံးမှာ မတ်လ ၃ ရက်နေ့အမှုချိန်းတွင် သတင်းဌာနတွေကို ရှင်းလင်း ပြောကြားနေတဲ့ ဒေါက်တာ တင်ထွန်းဦး။
မစ္စတာ ဒန်ကလေ တာဝန်ယူချိန်က မြန်မာတိုင်းမ်ကို Myanmar Consolidated Media (MCM) ဆိုပြီး လုပ်ကိုင်ခဲ့ရာက အခု ဒေါက်တာတင်ထွန်းဦးနဲ့ ဇနီး ဒေါက်တာ ခင်မိုးမိုးတို့ ပါဝင်တဲ့ Strategic Committee မဟာဗျူဟာ ကော်မတီလို့ နာမည်ပြောင်း ဖွဲ့စည်းပြီး စာစောင်ကို စီမံခန့်ခွဲနေတယ်လို့ သိရပါတယ်။
ဝန်ထမ်းတွေကိုတော့ နဂိုအတိုင်း ဆက်လက် လုပ်ကိုင်ဖို့ ညွှန်ကြားထားတယ် ဆိုပါတယ်။
မစ္စတာ ဒန်ကလေကို ရဲက ဖေဖော်ဝါရီ ၁၀ ရက်နေ့ က ဖမ်းဆီးပြီး နောက်ရက်မှာ အင်းစိန်ထောင်ကို ပို့ဆောင် ချုပ်နှောင်ထားတာပါ။
သူ့ကို လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် လဝက ပုဒ်မ ၁၃ (၁) အပြင် သူနဲ့ပျော်ပါးတယ်ဆိုတဲ့ မခိုင်ဇာကို နာကျင်အောင်လုပ်မှု ၊ နာကျင်စေရန် ကြံရွယ်ချက်နဲ့ မူးယစ်ဆေးဝါး တိုက်ကျွေးမှု၊ လက်ရောက်မှုနဲ့ သွားလာပိုင်ခွင့် ရှိတဲ့ နေရာကို မသွားလာနိုင်အောင် ပိတ်ပင်မှုတို့နဲ့ တရားစွဲထားပါတယ်။
မခိုင်ဇာက ရဲမှာ ထွက်ဆိုချက်နဲ့ တရားရုံးမှာ ထွက်ဆိုချက် ကွဲလွဲနေတယ်လို့ ပြောဆို ဝေဖန်တာတွေ ရှိနေပြီး မခိုင်ဇာက အမှုရုပ်သိမ်းလိုပေမယ့် ရုပ်သိမ်းခွင့်မရဘူးလို့လည်း သိရပါတယ်။
သတင်း - ဘီဘီစီ နှင့် အာရ်အက်ဖ်အေ
Photos : AP, AFP, Reuters, Getty Images
No comments:
Post a Comment