Saturday, February 26, 2011

အိုင်အယ်လ်အို အရာရှိနဲ့ ဒေါ်စု တွေ့ဆုံ

 
မြန်မာနိုင်ငံကို အင်္ဂါနေ့က စပြီးတော့ ၄ ရက်ကြာ ရောက်ရှိနေတဲ့ ILO အဆင့်မြင့် အရာရှိ မစ္စတာ ဂိုင်းရိုက်တာနဲ့အဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က (NLD) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို သွားရောက်ပြီးတော့ ၂ နာရီလောက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


 
မနက် ၁၀ ခွဲကနေ ၁၂ ကျော်အထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြတဲ့အခါမှာ ILO ဘက်က ဒုတိယ ညွှန်ကြားရေးမှူးချုပ် နဲ့ အလုပ်သမား စံချိန်စံညွှန်းဆိုင်ရာ အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့ မစ္စတာ ဂိုင်းရိုက်တာနဲ့ ILO အဆင့်မြင့် အရာရှိ ၂ ဦး၊ မြန်မာနိုင်ငံဆိုင်ရာ ILO ဆက်သွယ်ရေး အရာရှိ စတိမာရှယ်နဲ့ သူရဲ့လက်ထောက်တဦးတို့ လာရောက်ခဲ့ကြပြီး NLD ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းနဲ့ ဦးဟန်သာမြင့်တို့ ပါဝင်ခဲ့ကြပါတယ်။


မစ္စတာ ဂိုင်းရိုက်တာနဲ့အဖွဲ့ဟာ ဒီခရီးစဉ်အတွင်းမှာ နေပြည်တော်မှာ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံပြီး အဓမ္မလုပ်အားပေးခိုင်းစေမှု တိုက်ဖျက်ရေးနဲ့ပတ်သက်တဲ့ သဘောတူညီချက်တခုကို သက်တမ်းတိုးဖို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သတင်း - ဘီဘီစီ
Photos : AP, Getty Images


No comments: