Thursday, February 10, 2011

ကိုယ့်နာမည်ကို ကိုယ်ရေးထိုးကြတယ် (စည်သူငြိမ်း)

ဗြိတိသျှအင်ပါယာကို ငြင်းဆိုတယ်ဘုန်းတော်ဘွဲ့ကို မရေးဘူး
ဝေလမင်းသားရဲ့ ရွှေစင်ဒင်္ဂါးကို
ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ငြင်းတယ်
မျိုးချစ်စိတ်ဓာတ်ကို မငြင်းဘူး။


“ကိုယ့်လမ်း ကိုယ်သွားကြစို့”
အေသင်မြို့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တောင်းဆိုချက်ကို ငြင်းတယ်
ဆိုကရေးတီးဟာ အဆိပ်ခွက်ကို မော့သောက်လိုက်တယ်။

ကိုအောင်ဆန်းက ရှောင်နေတယ်
အစိုးရခန့်မယ့် ရာထူးကို ငြင်းတယ်
ဆရာဒဂုန်တာရာဟာ ကဗျာကို မငြင်းဘူး။

ဒါကြောင့်
သူတို့ ဖြစ်ခဲ့ကြတယ်။ ။


ပိတောက်ပွင့်သစ်-စာပေအနုပညာမဂ္ဂဇင်း ၂၀၁၀၊ စက်တင်ဘာ

ကာတွန်း အော်ပီကျယ် ဖေ့ဘွတ်မှ ယူပါတယ်။

No comments: