မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စီးပွားရေးအရ ချွတ်ခြုံကျနေတာတွေကို ကမ္ဘာက မြင်နိုင် သိနိုင်အောင် တယောက်ချင်းစီ လာလည်ကြမယ့် ကမ္ဘာလှည့် ခရီးသွားတွေကိုတော့ မကန့်ကွက်ဘူး၊ လာလည်း လာစေချင်ပါတယ်လို့ NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ဗွီအိုအေ သတင်းဌာနကို ပြောဆိုလိုက်ပါတယ်။
နအဖ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ပိုစတာများကပ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုဌာနချုပ်ရုံးကို နိုဝင်ဘာ ၄ ရက်နေ့က တွေ့ရစဉ်ကမ္ဘာလှည့် ခရီးသွားတွေလာမှာကို မကန့်ကွက်တာဟာ NLD အနေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေကို ဖိတ်ခေါ်တာတော့ မဟုတ်ဘူးလို့ ၎င်းက ဆက်လက် ပြောဆိုပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ပိုစတာများကပ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုဌာနချုပ်ရုံး NLD က အခုလို ကမ္ဘာ့လှည့် ခရီးသွားတွေလာတာကို လိုလိုလားလား ပြောဆိုလာတာဟာ မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီးသည်တွေ မလာဖို့ ၁၉၉၆ ခုနှစ်ကတည်းက ချမှတ်ကျင့်သုံးလာခဲ့တဲ့ NLD ရဲ့ မူဝါဒ ပြောင်းလဲသွားတာ မဟုတ်ဘဲ စဉ်းစားပုံ စဉ်းစားနည်း ပြောင်းလဲလိုက်တာသာ ဖြစ်တယ်လို့ ဦးဝင်းတင်က ဗွီအိုအေ သတင်းဌာနကို ပြောဆိုသွားပါတယ်။
Photos : Getty Images
No comments:
Post a Comment