ရန်ကုန် NLD ဌာနချုပ်ရုံးရှေ့မှာ နိုဝင်ဘာ ၁၀ ရက်နေ့က ဒေါ်စုဓာတ်ပုံကို ချိတ်ဆွဲနေတဲ့ NLD ပါတီဝင် အမျိုးသမီးတချို့
ဒီလို ပြန်လွှတ်ပေးရာမှာ ကန်သတ်ချက်တွေနဲ့ လွှတ်ပေးတာမျိုးကို လက်ခံမှာ မဟုတ်ဘူးလို့ ရှေ့နေဖြစ်သူ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဒီနေ့ ပြောဆိုပါတယ်။
ဥပဒေကြောင်းအရချမှတ်ထားတဲ့ ချုပ်ရက်စေ့သူကို အကြောင်းပြပြီး ဆက်လက် ချုပ်နှောင်ခွင့်ပြုတဲ့ဥပေဒမျိုး မရှိတဲ့အတွက် လွှတ်ပေးရမှာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
ဒေါ်စုရဲ့ နေအိမ်အကျယ်ချုပ် သက်တမ်းပြည့်သွားတဲ့နေ့မှာ လုံခြုံရေးတာဝန် ယူနိုင်အောင် ပြင်ဆင်ခိုင်းတာကလွဲလို့ တခြား တိတိကျကျ ညွှန်ကြားချက်မျိုးတော့ မရှိဘူးသေးကြောင်း လုံခြုံရေးအဖွဲ့ဝင်တချို့ ပြောတာကို ကိုးကားပြီး AFP သတင်းဌာနက ရေးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က နေအိမ်အကျယ်ချုပ် ကန့်သတ်ချက်ကို ချိုးဖောက်တယ်ဆိုပြီး နောက်ထပ် ၃ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် ကောင်းမွန်စွာနေထိုင်ရင် ၁၈ လပြည့်တာနဲ့ ပြန်လွှတ်ပေးရမယ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ထိုးထားတဲ့ နိုင်ငံတော်ပြန်တမ်းကို တရားရုံးမှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ကိုယ်တိုင် လာရောက်ဖတ်ကြားပြီး ပြစ်ဒဏ်ကို ၁၈ လ လျှော့ပေါ့ခဲ့တာ ဖြစ်ပါတယ်။
ယခုအခါ အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်စုဟာ မြန်မာ့နိုင်ငံရေးလောကသို့ ဝင်ရောက်စဉ်က အသက် ၄၃ နှစ်သာရှိသေးပြီး လွန်ခဲ့တဲ့ ၂၂ နှစ်တာကာလ အတွင်း နေအိမ်တွင် ၁၅ နှစ်ကြာမျှ အကျယ်ချုပ်နဲ့ ၃ ကြိမ် ချုပ်နှောင်ခံခဲ့ရပါတယ်။
Photos : Getty Images, AP, Reuters
No comments:
Post a Comment