နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေနဲ့ ရွေးကောက်ပွဲ သတင်းယူမယ့် ပြည်ပသတင်းဌာနက သတင်းထောက်တွေကို လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ နအဖ စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ဒီနေ့ ပြောကြားလိုက်ပါတယ်။
နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ရုံးမှာ အောက်တိုဘာ ၁၈ ရက်နေ့ ကျင်းပတဲ့ ရွေးကောက်ပွဲ သရုပ်ပြပွဲသရုပ်ပြပွဲမြင်ကွင်းတချို့
ဒါ့အပြင် ၎င်းက အခုကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၁၁၅၈ ခု ရှိတဲ့အနက် အရွေးခံမယ့် ကိုယ်စားလှယ် တဦးတည်းရှိတာ ၅၄ နယ်ဖြစ်နေတဲ့အတွက် အဲဒီဒေသတွေမှာ ရွေးကောက်ပွဲ လုပ်နေစရာတောင် မလိုတော့ဘဲ အလိုအလျောက် အနိုင်ရသွားတော့မယ်လို့လည်း ပြောပါတယ်။အခုကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းရှိပြီး မဲရုံပေါင်း ၄ သောင်းရှိမယ်လို့လည်း ၎င်းက ဆက်လက် ပြောဆိုသွားပါတယ်။
Photos : AP







No comments:
Post a Comment