Thursday, October 14, 2010

မယ်လ ပုံရိပ်များ

မယ်လ ဒုက္ခသည်စခန်းထဲမှ ကလေးငယ်များ

အောက်တိုဘာလ ၁၄ ရက်နေ့ကတွေ့ရတဲ့ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ အနီးရှိ မယ်လ ဒုက္ခသည်စခန်းက ပုံရိပ်တချို့ပါ။



ဒုက္ခသည်စခန်း ဘုန်းတော်ကြီးကျောင်းက ကိုရင်လေးများ

ဒုက္ခသည်စခန်းထဲက ဈေးသည်တဦး

ဆယ်စုနှစ်နဲ့ချီပြီးဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နအဖ စစ်အစိုးရတပ်တွေကြား တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို ထွက်ပြေး တိမ်းရှောင်လာနေရဆဲ ဖြစ်ပါတယ်။






မယ်လ ဒုက္ခသည်စခန်းထဲမှ ကလေးငယ်များ

မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကြပ်အတည်းတွေကြောင့် သိန်းနဲ့ချီတဲ့ ဒုက္ခတွေဟာ ထိုင်း-မြန်မာနယ်စပ်တလျောက်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေကြရပြီး နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ပြီးသွားရင် ထိုင်းအစိုးရက ဒုက္ခသည်များကို နေရပ်ရင်းပြန်ပို့မယ် ဆိုတဲ့ သတင်းတွေကြောင့် ဒုက္ခသည်တွေကြားမှာ စိုးရိမ်မှုတွေ ဖြစ်ပွားနေကြရပါတယ်။


မြေမြုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူ ကရင်စစ်သားဟောင်းတချို့



မယ်လဒုက္ခသည်စခန်းထဲက ဒုက္ခသည်တချို့

Photos : Reuters


No comments: