နအဖ စစ်အစိုးရက ၃၆ နှစ်နီးပါး အသုံးပြုခဲ့တဲ့ စပါးနှံ၊ ပင်နီယံနဲ့ ကြယ်ဖြူ ၁၄ လုံးပါ ဆိုရှယ်လစ် သင်္ကေတအလံကို ဖြုတ်ချပြီး အလံသစ်ပြောင်းတင်တဲ့ အခမ်းအနားကို မြန်မာတနိုင်ငံလုံး ဒီကနေ့ညနေပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီ နအဖရဲ့ အလံသစ်ဟာ အဝါရောင်၊ အစိမ်းရင့်ရောင်၊ အနီရောင် ခြယ်ထားပြီး အလယ်မှာ အဖြူရောင် ကြယ်ကြီးတလုံး ပါရှိပါတယ်။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော်ဖို့အတွက် ကြိုတင်ဆောင်ရွက်ဖို့ရှိတဲ့ လုပ်ငန်းရပ်တွေကို နအဖ ကနေ ဆောင်ရွက်ပေးဖို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတွက် အခုလို အလံတော်သစ်ကို တင်လိုက်တာဖြစ်တယ်လို့ နအဖ သတင်းဌာနတွေက ဆိုပါတယ်။
ဒီကနေ့ အလံတင် အခမ်းအနားကို ဗေဒင်ယတြာ သဘောအရ အလံဟောင်းချသူတွေက အင်္ဂါသားသမီးတွေ ဖြစ်ပြီး အလံသစ်တင်မယ့်သူတွေက ဗုဒ္ဓဟူးသားသမီးတွေ ဖြစ်ရမယ်လို့ နအဖ စစ်အစိုးရက ရုတ်တရက် ညွှန်ကြားပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။Photos : Getty Images, AP, Irrawaddy
No comments:
Post a Comment