အောက်တိုဘာလ ၁၃ ရက်နေ့ကတွေ့ရတဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းက ပုံရိပ်တွေပါ။
ဟွေးကလုတ် ဂေဟာမှ ကလေးငယ်များ ညနေစာ စားနေစဉ်။ အဲဒီဂေဟာမှာ မြန်မာပြည် အနယ်နယ်အရပ်ရပ်က မိဘမဲ့ ကလေးပေါင်း ၃၀၀ ကျော်ရှိပါတယ်။ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ စေတနာ့ဝန်ထမ်းဖွင့်လှစ်ထားတဲ့ မယ်တော်ဆေးခန်းဟာ အခမဲ့ ဆေးဝါးကုသပေးခြင်း လုပ်ငန်းအပြင် ရွှေ့ပြောင်းကလေးငယ်များအတွက် ပညာရေးနှင့် ရိက္ခာထောက်ပံ့ပေးမှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
ဆေးခန်းမှ လူနာများ
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်နေကြတဲ့ မြန်မာပြည်သားများ သာမက မြန်မာပြည်ထဲက လူနာတွေပါ မယ်တော်ဆေးခန်းမှာ လာရောက်ပြီး ဆေးဝါးကုသမှုခံယူနေကြရတယ်လို့ သိရပါတယ်။
ဆေးခန်းမှ လူနာများ
မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်ဟာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးနောက် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွာလာခဲ့ကာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မယ်တော်ဆေးခန်းကို ၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ဟွေးကလုတ် ဂေဟာမှ ကလေးငယ်များ
ဒေါက်တာ စင်သီယာမောင်ဟာ သူမရဲ့ စေတနာ့ဝန်ထမ်း လူမှုအကျိုးပြု ဆောင်ရွက်မှုများအတွက် ရေမွန်မက်ဆေးဆေးဆု အပါအဝင် နိုင်ငံတကာမှ ချီးမြှင့်သော ဆုပေါင်း တဒါဇင်ကျော် ရရှိထားသူ ဖြစ်ပါတယ်။
Photo : Reuters
Massage from Mae Tao
Massage from Mae Tao



















No comments:
Post a Comment