Thursday, October 7, 2010

လှုပ်လှုပ်ရှားရှား ၂၀၁၀ ပါတီများ

ဒီကနေ့ ဖွင့်လှစ်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုရဲ့ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲအောင်နိုင်ရေးရုံး ဖွင့်ပွဲ

နအဖ ဝန်ကြီးချုပ်ဦးသိန်းစိန် ဦးဆောင်တဲ့ ကြံ့ဖွံ့ပါတီဟာ နိုင်ငံရေးပါတီများ စည်းရုံးလှုပ်ရှားရာမှာ မမှန်မကန် မဲဆွယ်တာတွေနဲ့ စည်းရုံး ဟောပြောမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

အောက်တိုဘာ ၆ ရက်နေ့ မဲဆွယ်လက်ကမ်းစာစောင်တွေဝေငှနေတဲ့ ကြံ့ဖွံ့ပါတီဝင် အမျိုးသမီးများ

နယ်အနှံ့မှာ ကြံ့ဖွံ့ပါတီဟာ တခြားနိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးခွင့်မရတဲ့ ဘုန်းကြီးကျောင်းလို၊ စာသင်ကျောင်းလို ကန့်သတ်နေရာတွေမှာ မဲဆွယ်စည်းရုံး နေသလို ရပ်ကွက်တွေမှာ လမ်းဖောက်ပေးတာ၊ ငွေချေးတာတွေ လုပ်ပြီး မဲဆွယ်နေကြပါတယ်။

အောက်တိုဘာ ၄ ရက်နေ့က လမ်းဖွင့်ပွဲတခုမှာတွေ့ရတဲ့ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း

ဒါ့အပြင် မြို့နယ်တော်တော်များများမှာ ရပ်ကွက်အဆင့် အာဏာပိုင်တွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စား နည်းအမျိုးအမျိုးနဲ့ ကြိုတင်မဲတွေရယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ပါတယ်။

မဲဆွယ်လက်ကမ်းစာစောင်တွေဝေငှနေတဲ့ ပြည်ထောင်စုဒီမိုကရေစီ ပါတီဝင်များကို အောက်တိုဘာ ၇ ရက် ဒီနေ့မှာဖွင့်လှစ်တဲ့ ပဲခူးမြို့က သူတို့ရဲ့ ရုံးရှေ့မှာတွေ့ရစဉ်။

ပဲခူးမြို့မှာတွေ့ရတဲ့ နအဖ စစ်ကားများ

ကြံ့ဖွံ့ပါတီမှ အရွေးခံမည့် ကိုယ်စားလှယ်လောင်းတွေဟာ စည်းရုံးရေးသွားရာမှာ အနုပညာရှင်များကိုပါ ခေါ်သွားပြီး ၎င်းအရွေးခံမည့်ဒေသတွေကို လိုက်လံစည်းရုံး နေတဲ့အပြင် ယခုအခါမှာ ငွေပေးစည်းရုံးတာတွေကိုပါ လုပ်ဆောင်နေကြောင်း သိရပါတယ်။

အောက်တိုဘာ ၇ ရက် ဒီကနေ့မှာ ဖွင့်လှစ်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုရဲ့ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲအောင်နိုင်ရေးရုံးဖွင့်ပွဲမှာ စကားပြောနေတဲ့ ဦးခင်မောင်ဆွေ

အခုလို ကြံ့ဖွံ့ပါတီက မမှန်မကန် မဲဆွယ်တာတွေလုပ်နေတာနဲ့ပတ်သက်ပြီး ပါတီတချို့က ရွေးကောက်ပွဲ ကော်မရှင်မှာ သွားရောက်ဆွေးနွေးခဲ့သလို စာနဲ့လည်း တင်ပြနေကြတယ်လို့ သိရပါတယ်။

ဦးသုဝေရဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)မှ ဖြန့်ဝေတဲ့ မဲဆွယ်လက်ကမ်းစာစောင်တခု

Photo : Reuters, AP


No comments: