KNU တပ်ဖွဲ့ဝင်တဦး (ဓာတ်ပုံ - အေပီ) စက်တင်ဘာ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ နအဖ စစ်အစိုးရတပ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တွေကြား တနေ့တာ အပစ်အခတ်ရပ်စဲဖို့ KNU က စက်တင်ဘာ ၁၅ ရက်မှာ ကြေညာချက် တစောင် ထုတ်ပြန်ထားပါတယ်။
KNU ဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် ခုခံစစ်ကိုသာ ဆင်နွှဲနေရတာ ဖြစ်ပြီး၊ ကုလသမဂ္ဂကို လေးစားလိုက်နာတဲ့အနေနဲ့ရော ငြိမ်းချမ်းရေးကို ဖော်ဆောင်ချင်တဲ့ဆန္ဒနဲ့ပါ အခုလို တနေ့တာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကရင်တော်လှန်ရေးနေ့ အခမ်းအနားတခုတွင်တွေ့ရတဲ့ ကေအန်ယူတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - အေပီ) နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ စစ်ဆင်ရေးမလုပ်ဖို့ KNU ရှေ့တန်းနယ်မြေများကို အကြောင်းကြားထားပြီးဖြစ်ကြောင်းနဲ့ တကယ်လို့ နအဖဘက်မှ စစ်ဆင်ရေး လုပ်လာရင်တော့ မိမိကိုယ်ကိုခုခံတဲ့အနေနဲ့ ပြန်လည်တိုက်ခိုက်သွားမယ်လို့ KNU က ဆိုပါတယ်။
No comments:
Post a Comment