Tuesday, September 7, 2010

စစ်တပ်က ပစ်သတ်ခံရသူနှစ်ဦး ဈာပန ကျင်းပပြီးစီး

မြို့တွင်း လုံခြုံရေး တာဝန်ကျ နအဖ စစ်သားတဦး (Photo : AFP)

ပြီးခဲ့တဲ့ စနေနေ့ည သန်းခေါင်းကျော်က ပဲခူးမြို့မှာ စစ်သားတွေပစ်ခတ်လို့ သေဆုံးခဲ့ရတဲ့ လူငယ် ၂ ဦးရဲ့ ဈာပနကို ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ ဆင်ဖြူကွင်း သုသာန်မှာပြုလုပ်တဲ့ ဈာပနပွဲကို လူပေါင်း နှစ်ထောင်ကျော်တက်ရောက်ခဲ့ပြီး အရပ်ဝတ်လုံခြုံရေးတွေလည်း အများကြီး ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပဲခူးတမြို့လုံးမှာလည်း လုံခြုံရေးတွေအပြည့် ချထားပါတယ်။ ဈာပန အခမ်းအနားကို တက်ဖို့လာတဲ့ ရပ်ဝေးက နိုင်ငံရေးစိတ်ဝင်စားသူ တချို့လည်း ပဲခူးအဝင် အင်းတကော်နားမှာ ခဏထိန်းသိမ်းတာ ခံခဲ့ရပါတယ်။

မောင်အောင်သူဟိန်းနဲ့ မောင်စိုးပိုင်ဇော်တို့ကို ပစ်မိန့်ပေးခဲ့တယ်ဆိုတဲ့ ဗိုလ်ကြီး သိဒ္ဓိစိုးနဲ့ ပစ်ခတ်ခဲ့တဲ့ အခုမှ အသက် ၁၈ နှစ်ပြည့်စပဲရှိသေးတဲ့ တပ်သား မောင်ထွန်းတို့ကို ရဲစခန်းက ပဲခူး အမှတ် ၃ ရဲစခန်းက အမှုဖွင့်ထားသလို စစ်ဥပဒေအရလည်း အရေးယူသွားမယ်လို့ တပ်မှူးတွေက မိသားစုကို ကတိပေးထားတယ်လို့ သိရပါတယ်။

သတင်း - ဘီဘီစီ


No comments: