မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟာ တရုတ်နိုင်ငံကို ၅ ရက်တာ ခရီးစဉ်ကို ဒီနေ့ ထွက်ခွာသွားပါပြီ။ သူနဲ့အတူ မကြာသေးခင်က စစ်ဘက်ရာထူးတွေ စွန့်လွှတ်ခဲ့တဲ့ သူရ ဦးရွှေမန်း၊ သီရသူရ ဦးတင်အောင်မြင့်ဦးနဲ့ အသစ်ခန့်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေလည်း လိုက်ပါသွားကြတယ်လို့ သိရပါတယ်။မြန်မာရွေးကောက်ပွဲတွေဟာ သူ့နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စပဲဖြစ်ပြီး တခြားနိုင်ငံတွေအနေနဲ့ အပြုသဘော အကူအညီတွေ ပေးသင့်တယ်လို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီးက ဒီကနေ့ ပြောလိုက်ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေ ကတော့ မြန်မာနိုင်ငံမှာ တရားမျှတမှုတွေရှိလာအောင် တရုတ်အစိုးရက မြန်မာစစ်ခေါင်းဆောင်တွေကို တိုက်တွန်းဖို့ ဆော်သြနေပါတယ်။
သတင်း ဘီဘီစီ၊ ဓာတ်ပုံ - AFP, AP, Reuter, Getty Image







No comments:
Post a Comment