SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦးဟာ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က ရှမ်းပြည် ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ဆေထင်၊ SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ ရှမ်းပြည်မျိုးဆက်သစ် ကျောင်းသားလူငယ်များအဖွဲ့မှ ဦးမြင့်သန်း၊ ဦးညီညီမိုး၊ စိုင်းမျိုးဝင်းထွန်း၊ ဦးထွန်ညို၊ စိုင်းလှအောင်နှင့် စပ်သာဦးတို့နဲ့အတူ ပြည်ထောင်စုမှခွဲထွက်ရန်ကြံစည်မှုနဲ့ နအဖ စစ်အစိုးရကဖမ်းဆီးပြီး ပူတာအို အကျဉ်းထောင်မှာ ထောင်ဒဏ် ၉၃ နှစ် ပြစ်ဒဏ်ပေးခံထားရတာ ဖြစ်ပါတယ်။
ထောင်ဒဏ် ၁၀၆ နှစ် ပြစ်ဒဏ်ခံနေရတဲ့ ဗိုလ်ချုပ်ဆေထင်ကိုတော့ ပြီးခဲ့တဲ့ စနေနေ့က ခန္တီးထောင်ကနေ မန္တလေးထောင်ကို ပြောင်းရွေ့လိုက်တယ်လို့ သိရပါတယ်။
Photo : AP
No comments:
Post a Comment