ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်နေတဲ့ UDP ပြည်ထောင်စုဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ရွေးကောက်ပွဲ အကြိုကာလမှာ ရှိသင့်ရှိထိုက်တဲ့ အခြေအနေတွေ မတွေ့ရတာ၊ လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်လာဖို့ အခြေအနေတွေ တစုံတရာ အတိုင်းအတာအထိ မတွေ့ရတာတွေကြောင့် သူ့အနေနဲ့ ရွေးကောက်ပွဲ နိုင်ငံရေးအခင်းအကျင်းကနေ ပါဝင်တော့မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း ဘီဘီစီ သတင်းဌာနကို ပြောကြားလိုက်ပါတယ်။
သူရဲ့လက်ရှိတာဝန် ပြည်ထောင်စုဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌအဖြစ်ကပါ နုတ်ထွက်လိုက်ကြောင်းနဲ့ UDP ပါတီကတော့ ကျန်တဲ့ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ ရွေးကောက်ပွဲကို တရားမျှတအောင် ဆက်ကြိုးစားမှာ ဖြစ်တယ်လို့လည်း ၎င်းက ဆက်လက် ပြောဆိုသွားပါတယ်။
ဓာတ်ပုံ - လျှပ်တပြက်
No comments:
Post a Comment