Thursday, August 5, 2010

ထိုင်း-မြန်မာနယ်စပ်မှာ မိုင်းနင်းမိသွားတဲ့ ဆင်မကြီးကို ဆေးကုသမှုပေးနေ

ထိုင်း-မြန်မာနယ်စပ်မှာ မြေမြုပ်မိုင်းထိလို့ ခြေပြတ်သွားတဲ့ ဆင်မတကောင်ကို ထိုင်းနိုင်ငံမြောက်ပိုင်းက Friend of Elephant ဆင်ဆေးရုံမှာ ဆေးကုသမှု ပေးနေတယ်လို့ သိရပါတယ်။


အသက် ၂၂ အရွယ် အဲဒီဆင်မနဲ့ဆိုရင် ထိုင်း-မြန်မာနယ်စပ်မှာ မိုင်းဒဏ်ကိုခံရတဲ့ ဆင် ၁၃ ကောင်ရှိသွားပါပြီ။

ဒီဆင်မဟာ မိုင်းထိပြီးတပတ်အကြာ ဗုဒ္ဓဟူးနေ့က ဆင်ဆေးရုံကိုရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီမိုင်းတွေဟာ မြန်မာစစ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားရာဒေသတွေဖြစ်တဲ့ ထိုင်း-မြန်မာနယ်စပ် ရှေ့တန်းဒေသတွေမှာ ဖြန့်ကြဲချထားခဲ့တာဖြစ်ပြီးတော့ မြန်မာဘက်ပိုင်းကို အစာရှာရင်း ရောက်သွားရာမှာ မိုင်းထိခဲ့ပုံရတယ်လို့ ဆင်ဆရာဝန်တဦးက ပြောပါတယ်။


ထိုင်း-မြန်မာနယ်စပ်မှာ ဆင်တွေကို ကမ္ဘာလှည့်ခရီးသွားလာမှုကဏ္ဍနဲ့ သစ်ထုတ်လုပ်ရေးတွေမှာ အသုံးချကြတာ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၅ ရက်နေ့၊ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှ ကောက်နုတ်ဖော်ပြပါတယ်။

Photo : AP


No comments: