



ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ သခင်မြ၊ မိုင်းပွန်စော်ဘွားစပ်စံထွန်း၊ မန်းဘခိုင်၊ ဒီးဒုတ် ဦးဘချို၊ ဦးရာဇာတ်၊ ဦးဘဝင်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး အာဇာနည်ခေါင်းဆောင် ၉ ဦးတို့ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရရန် ကြိုးပမ်းနေစဉ် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက် ၁၀ နာ၇ီ ၃၇ မိနစ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အာဇာနည်နေ့ကို NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်တွင် ကျင်းပသလို ...




နအဖ စစ်အစိုးရက ကျင်းပတဲ့ အခမ်းအနားကတော့ အရင်က နိုင်ငံခေါင်းဆောင်ကြီးတွေကိုယ်တိုင် တက်ရောက်ဂါဝရ ပြုခဲ့ပေမယ့် အခုအခါမှာ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း ဦးစီးကျင်းပတဲ့အဆင့်ကို လျော့ကျလာခဲ့ပါတယ်။
အဲဒီ ၆၃ နှစ်မြောက် အာဇာနည်နေ့ကို ၂၀၁၀ မှာ ရွေးကောက်ပွဲဝင်ဖို့ ပါတီတည်ထောင်ခွင့်ကျပြီး နိုင်ငံရေးပါတီတွေလည်း တက်ရောက်ခဲ့ပြီး …ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီး ဦးအောင်ဆန်းဦးနှင့်ဇနီး အပါအဝင် အာဇာနည်ကြီးတွေရဲ့ ဆွေမျိုးသားချင်းများ တက်ရောက်ခွင့်ရပေမယ့် အကျယ်ချုပ်ကျခံနေရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ တက်ရောက်ခွင့်မရပါဘူး။







No comments:
Post a Comment