ဥသြဆွဲသံ မေလှမြိုင်လွမ်းချင်း တိတ်ဆိပ်ခြောက်ကပ်၊
မကောင်းဆိုးဝါးခေတ်မှာ …
အာဇာနည်ပုံရိပ်ပင် မမြင် ဦးညွှတ်ဂါရဝ မပြုရ၊
ခံစားမှုစာမျက်နှာ ပြန်ဖတ် …
အတိတ်ဟာ စိတ်နာစရာ မကြေနပ်ချက် အပြည့်၊
ဒီအချိန် စစ်ကျွန်ဘဝ ရလိုသူများ -
သိက္ခာသုတ်သင်ပွဲ အိုးမဲအပြန်အလှန်လူး လုဝင်နေ၊
မျိုးဆက်ပွင့်သစ် …
အနာဂတ်တွေ လှပဖို့
အာရုံဖြစ်သမျှ ဘယ်တော့မှ မမေ့ မပြေ ရင်ဆိုင် ပုန်ကန်မြဲဟေ့။ ။
ဒေါင်းနီ
ဝ၇-၁၆-၂ဝ၁ဝ
ဝ၇-၁၆-၂ဝ၁ဝ
No comments:
Post a Comment