Friday, May 14, 2010

ရေ

မြန်မာနိုင်ငံတဝန်းမှာ အပူရှိန်မြင့်တက်နေမှုကြောင့် ရေတွင်း၊ ရေကန်များ ခန်းခြောက်ခဲ့ရာ သောက်သုံးရေ ပြတ်လပ်မှုများ ဖြစ်ပေါ်နေပါတယ်။

ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီတိုင်း၊ ရခိုင်၊ မွန်နှင့် ရှမ်းပြည်နယ်တွေမှာ ရေတွင်း ရေကန်များ ခမ်းခြောက်ပြီး သောက်သုံးရေရှားပါးမှုဒဏ်ကို ဧပြီလကတည်းကစပြီး ခံစားနေရတာလို့ သိရပါတယ်။

အဲဒီလို အပူချိန်မြင့်တက်မှု၊ သောက်သုံးရေ ပြတ်လပ်မှုများကြောင့် ဖျားနာ မူးဝေမှု၊ ဝမ်းပျက် ဝမ်းလျှောမှုများကြောင့် သေဆုံးမှုများလည်းရှိနေပြီဖြစ်ကြောင်း သတင်းများက ဆိုပါတယ်။

ဒါကတော့ ၂၀၁၀ ပြည့်နှစ် မေလ ၁၃ ရက်နေ့ကတွေ့ခဲ့ရတဲ့ ရန်ကုန်မြို့အနီး ဒလမြို့နယ်အတွင်းက သောက်သုံးရေ ပြတ်လပ်နေမှုဒဏ်ကိုခံနေရတဲ့ ပြည်သူတွေရဲ့ မြင်ကွင်းတချို့ပါ။

(ဓာတ်ပုံ - Reuters, AP)

No comments: