Friday, December 11, 2009

မှာတမ်း

ငါ သေရင်
ရေ မချိုးပါနဲ့
ပူပင်ခဲ့ရတဲ့ လူ့ဘဝ အခိုးငွေ့တွေ
ငြိမ်းစေမှာ စိုး။

ငါ သေရင်
ရေအိုး မခွဲပါနဲ့
အိုးထိမ်းသည်ရဲ့ လက်ခတ်သံတွေ
ဆိတ်သုဉ်းမှာ စိုး။

ငါ သေရင်
ပန်းအိုး မထိုးပါနဲ့
ပန်းပေါင်း တရာ
ညှိုးပျက်မှာ စိုး။

ငါ သေရင်
ခြေမ ကြိုးမချည်ပါနဲ့
ငါ့ ဝိဉာဉ်တွေ
နာကျင် အကျဉ်းကျမှာ စိုး။ ။

ဗဟိန်းအောင်
စာပေဂျာနယ် အတွဲ ၃၊ အမှတ် ၎
ဒီဇင်ဘာ ၁၉၉၅
သရုပ်ဖော် - မင်းကျော်ခိုင်

No comments: