Saturday, October 10, 2009

အိမ်အပြန်


အမျှော်တွေ ဆန့်ထုတ်ရင်တောင်

ကမ္ဘာတသန့် ရှည်ဦးထင်ရဲ့။


အဝေးရဲ့ အဝေး အဝေးတဖက်မှာ

ဝေးရတာကြာတဲ့ အာသီသတခု ရှိနေတယ်။


ပြက္ခဒိန်တွေ လိမ်ညာနေမိတယ်အထိ

အချိန်တွေ ထွက်ကျစေချင်တယ်။


အမေအိုရဲ့ မျက်ညိုကွင်း ချိုင့်ချိုင့်ထဲ

မျှော်လင့်စကားလေး တလက်လက်

မနက်တွေ ခဏခဏ လင်းစေချင်တယ်

ဝင်းတံခါးတောင် မပိတ်စေချင်ဘူးပေါ့။


ညနေတိုင်း …

ညနေတိုင်း …

ညနေတိုင် တိုင်း …

ထမင်းဝိုင်း မသိမ်းဖြစ်တာ ကြာပါပကော။


စည်သူငြိမ်း

မဟေသီ မဂ္ဂဇင်း၊ ၁၉၉၉။၊

သရုပ်ဖော်- မင်းကျော်ခိုင်


No comments: