Sunday, December 7, 2008

သီးလေးသီး အမေရိကားသို့ ရောက်ပြီ


သီးလေးသီး အငြိမ့် အမေရိကားသို့ ရောက်ရှိ


ဒီဇင်ဘာ ၇ ရက် ၂၀၀၈ ခုနှစ်


သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အိန်ဂျလိစ်မြို့သို့ ယနေ့ နေ့လည်ပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။


သီးလေးသီးအဖွဲ့ဟာ ၂၀၀၉ ခုနှစ် မတ်လကုန်ပိုင်းအထိ အမေရိကန် ပြည်ထောင်စုမှာနေထိုင်ပြီး ဖျော်ဖြေပွဲများပြုလုပ်ဖို့ စီစဉ်ထားကြောင်း ဘားမားတူဒေး သတင်းအရ သိရသည်။


ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်၊ နယူးယောက်ပြည်နယ် နယူးယောက်မြို့၊ ဝါရှင်တန်ဒီစီမြို့တော်၊ အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့တို့ ဖျော်ဖြေသွားဖို့ စီစဉ်ထားကြောင်းနှင့် အခြားမြို့များတွင်လည်း ဖျော်ဖြေပွဲပြု လုပ်နိုင်ရန် ဆက်သွယ်စီစဉ်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သတင်းက ဖော်ပြသည်။


ပွဲစဉ်များနှင့်ပတ်သက်၍ ဆက်သွယ်လိုပါက ဦးမြင့်လှိုင် (Burma Today) (ဖုံးနံပတ် - ၁ - ၉၁၇ ၉၇၅ ၂၃၄၉၊ အီးမေးလ် - myinthlaing@burmatoday.net) နှင့် ဦးယဉ်ထွေး (၁ - ၃၀၁ ၅၂၀ ၄၁၆၀) တို့ကို ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။


အငြိမ့်အဖွဲ့တွင် လူရွှင်တော် ဂေါ်ဇီလာ၊ စိန်သီး၊ ပန်းသီး၊ ကြယ်သီး၊ ဇီးသီးနှင့် မင်းသမီး ချောစုမျိုး၊ မြစံပါယ်ငုံ တို့ ပါဝင်သည်။


သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့သည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလက ရန်ကုန်မြို့ မျှော်စင်ကျွန်းပွဲတွင် ရဲရဲတောက် ဟာသ ပြက်လုံးများကြောင့် လူသိများခဲ့ပြီး ယခုခရီးစဉ်မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာလာ ခဲ့ခြင်းဖြစ်သည်။



ဂျပန်တွင် ကပြသည့် သီးလေးသီးပွဲကို ကြည့်လိုပါက …


No comments: