Tuesday, November 18, 2008

အရှင် ဂမ္ဘီရ အား ထောင်ဒဏ်ချမှတ်


အရှင် ဂမ္ဘီရ နှင့် တိုင်းရင်းသားလူငယ်များအား ထောင်ဒဏ် ချမှတ်၊

အပြစ်ဒဏ်ပေးပြီးသူများကိုလည်း နောက်ထပ် ထောင်ဒဏ်များ ထပ်တိုး


ဘီဘီစီ (မြန်မာပိုင်း)

နိုဝင်ဘာလ ၁၈ ရက် ၂၀၀၈ ခုနှစ် ညပိုင်းအစီအစဉ်


မနှစ်က သြဂုတ်နဲ့ စက်တင်ဘာလတွေအတွင်း သံဃာနဲ့ ပြည်သူတွေ ဆန္ဒပြရာမှာ ထင်ရှားခဲ့တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင် ဦးဂမ္ဘီရကို အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပါတယ်။


ဒီအပြစ်ဒဏ်အပြင် နောက်ထပ်ထောင်သက်တမ်း တိုးလိမ့်ဦးမယ်လို့လည်း မိသားစုဝင်တွေ က စိုးရိမ်နေပါတယ်။


နောက်ထပ် သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင် ဦးကေလာသကိုလည်း ထောင်ဒဏ် ၃၅ နှစ် အပြစ်ဒဏ် သတ်မှတ်လိုက်ပါတယ်။


ရခိုင်တိုင်းရင်းသား ကိုတင်ထူးအောင် နဲ့ ချင်းတိုင်းရင်းသား ကိုကန်လန်ခုတ် ခေါ် ကိုကျော်စိုးတို့ကို ထောင်ဒဏ် ၃၃ နှစ်စီချလိုက်ပြီး နောက်ထပ် ချင်းတိုင်းရင်းသားတဦးဖြစ်တဲ့ ကိုကန်ခန့်ခွာ ခေါ် ကိုအန်ထော်နီကိုတော့ ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ပါတယ်။


အခုလ ၁၁ ရက်နေ့က ထောင်ဒဏ် ၁၀ အပြစ်ပေးခံထားရတဲ့ ကိုသီဟသန့်ဇင် ကို ထောင်ဒဏ် ၈ နှစ် နောက်ထပ်တိုးခဲ့သလို အဲဒီနေ့ကပဲ ထောင်ဒဏ် ၈ နှစ်အချခံခဲ့ရတဲ့ ကိုသိန်းဇော်ဟာလည်း နောက်ထပ် ထောင်ဒဏ် ၅ နှစ် အတိုးခံရပါတယ်။


No comments: