Monday, November 17, 2008

ဒေါင်းအိုးဝေတွေက တွန်သံပေးလာမှာပါ

“ခွပ်ဒေါင်းတို့ရဲ့အမောက်၊ ခွပ်ဒေါင်းတို့ရဲ့ခြေထောက်ကို

ဘယ်လိုပဲ သံခြေချင်း ခတ်နေပါစေ။

တနေ့ကျလို့ရှိရင် ဒေါင်းအိုးဝေတွေက တွန်သံပေးလာမှာပါ”


ဘီဘီစီ (မြန်မာပိုင်း)

ဆက်သွယ်မေးမြန်းခန်းမှ ကောက်နုတ်ချက်

နိုဝင်ဘာလ ၁၇ ရက် ၂၀၀၈ ခုနှစ် ညပိုင်းအစီအစဉ်


“သူတို့ခေတ်နဲ့သူတို့အခါနဲ့ သူတို့ကတော့ သူတို့ လုပ်ပိုင်ခွင့်ရှိလို့ လုပ်လိုက်တာပေါ့၊

စည်းမရှိ ကမ်းမရှိ၊ ဥပဒေတွေ လုပ်ပစ်လိုက်တာပါပဲ။

ဒါပေမယ့် သူတို့ရဲ့ ယုံကြည်ချက်နဲ့လုပ်နေကြတဲ့ ကလေးတွေအတွက်ကတော့

ခွပ်ဒေါင်းတို့ရဲ့အမောက်၊ ခွပ်ဒေါင်းတို့ရဲ့ခြေထောက်ကို

ဘယ်လိုပဲ သံခြေချင်း ခတ်နေပါစေ။

တနေ့ကျလို့ရှိရင် ဒေါင်းအိုးဝေတွေက တွန်သံပေးလာမှာပါ။

ဒါတွေကို သူတို့တလှည့်တော့ ကြုံလာဦးမှာပေါ့၊

ကျမဘက်တော့ ကျမ သားသမီး လုပ်တဲ့ကိစ္စကို ဂုဏ်ယူပါတယ်”


(ထောင်ဒဏ် ၆ နှစ်ခွဲချမှတ်ခံရသူ ကိုကြည်ဖြူ၏မိခင် ပြောကြားချက်)


“ကျောင်းတက်နေတယ် ကျောင်းသားတယောက်ပေါ့နော်။

မခံချင်ဘူးပေါ့၊ မခံချင်ပေမယ့်လည်း

ကျမ သားအတွက်ကို ကျမကတော့ ဂုဏ်ယူတယ်။

သူတို့ (နအဖ) ပြောနေတဲ့ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သို့ ဆိုတာ …

အဲဒီကို မရောက်ဘဲနဲ့ အခုဟာက နောက်ပြန်ရောက်နေတယ်။

သူတို့ရဲ့စိတ်ဓာတ်တွေက ဘယ်လိုဖြစ်နေလဲဆိုတော့

ကျန်စစ်သားတို့ အနော်ရထာ တို့လိုပေါ့၊

သူတို့ထက် တော်မယ့် တတ်မယ့်သူ ဆိုလို့ရှိရင်

အကုန်လုံး သတ်ပစ် ဆိုတဲ့ သတ်မိန့်ပေးသလိုမျိုးပေါ့၊

အဲဒီလိုမျိုး ဖြစ်နေတာပေါ့နော်။ ကျမကတော့ အဲဒီလိုပဲ ခံစားရတယ်”


(ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခြင်းခံရသည့်

မောင်ရဲမြတ်ဟိန်း၏မိခင် ပြောကြားချက်)



No comments: