Sunday, November 16, 2008

ကျောင်းသားခေါင်းဆောင်များအား နယ်စွန်နယ်ဖျားထောင်များသို့ ပြောင်းရွှေ့

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအား

နယ်စွန်နယ်ဖျား ထောင်များသို့ ပြောင်းရွှေ့လိုက်ပြီ


ဘီဘီစီ (မြန်မာပိုင်း)

နိုဝင်ဘာလ ၁၆ ရက် ၂၀၀၈ ညပိုင်းအစီအစဉ်


၆၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကို နယ်စွန်နယ်ဖျားက ထောင်တွေဆီပို့ဖို့ ဒီကနေ့မနက် စောစောပိုင်းကပဲ အင်းစိန်ထောင်ကနေ ခေါ်ယူသွားတယ်လို့ သိရပါ တယ်။


ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီး (ရှမ်းပြည်နယ်အရှေ့ပိုင်းက ကျိုင်းတုံထောင်)


ကိုမြအေး (ကယားပြည်နယ်က လွိုင်ကော်ထောင်)


ကိုဋ္ဌေးဝင်းအောင် ခေါ် ကိုပြုံးချို (မြန်မာနိုင်ငံတောင်ဘက်စွန်းက ကော့သောင်း ထောင်)


ကိုဋ္ဌေးကြွယ် (ရခိုင်ပြည်နယ် အနောက်ဖျားက ဘူးသီးတောင်ထောင်)


ကိုလှမျိုးနောင် (ကချင်ပြည်နယ် မြစ်ကြီးနားထောင်)


ကိုမျိုးအောင်နိုင် (စစ်ကိုင်းတိုင်း မြောက်ပိုင်းက ကလေးထောင်) နဲ့


ကိုအောင်သူနဲ့ အခြား ၈ ဦး (မြန်မာနိုင်ငံ မြောက်ဖျားစွန်းက ပူတာအိုထောင်) တွေဆီကို ပို့လိုက်တယ်လို့ သတင်းရရှိပါတယ်။


နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၁ ယောက်ကို ထောင်တွေ ရွှေ့ပြောင်းခဲ့ရာမှာ မစုစုနွေး၊ ကိုဘိုဘိုဝင်းလှိုင်၊ ကဗျာဆရာ ကိုစောဝေတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရှေ့နေကြီး ဦးအောင်သိန်းနဲ့ ရှေ့နေကြီး ဦးခင်မောင်ရှိန်တို့ကိုလည်း ထောင်ရွှေ့ပြောင်းခဲ့တယ်လို့ ဆိုပါတယ်။


ထိုသို့ထောင်ရွှေ့ပြောင်းတဲ့အထဲမှာ မဂ္ဂင်ကျောင်းက သံဃာတော် ၃ ပါးလည်း ပါဝင်တယ်လို့ သိရပါတယ်။


No comments: