Thursday, April 2, 2015

ဘာ လဲ ဟဲ့ M P C ? (ကျော်ကျော်ငြိမ်းချမ်း)

လွန်ခဲ့တဲ့ ၁၀ ရက်လောက်က မိတ်ဆွေ တယောက်က လှမ်းပြောတယ်...။ ခင်ဗျား အပါအဝင် လူ ၉ ယောက်ကို သတိထားစောင့်ကြည့်ပေးဖို့ ထိုင်းအစိုးရ တာဝန်ရှိသူတွေကို MPC - Myanmar Peace Center က စာပို့ထားတယ်တဲ့ ...။ 

မြန်မာဘက်ခြမ်းက လုံခြုံရေးဌာနတွေက ထိုင်းဘက်က သူတို့ Counterpart အဖွဲ့အစည်းတွေကို ဒါမျိုးအလားတူ အကြောင်းကြားလေ့ရှိတာ အထူးအဆန်းမှ မဟုတ်တာ... သူတို့ အလုပ် သူတို့လုပ်တာ ဘာဆန်းလဲပေါ့ ...။ ဒါပေမယ့် ထူးဆန်းတာက ဒီတခါ MPC က စာပို့တယ် ဆိုပဲ ...။ 

ဒါနဲ့ MPC မှာ လုပ်နေတဲ့ တခါတုန်းက မိတ်ဆွေဟောင်းတချို့ကို လှမ်းမေးလိုက်တယ် ... ခုထိ တယောက်မှ အကြောင်းမပြန်ဘူး... တိတ်ဆိတ်နေကြတယ်...။ အင်းပေါ့လေ ခမျာများမလဲ လမ်းရှင်း... အိတ်ဆွဲ... သခင်အားရ ကျွန် ဘော မ... အလုပ်တွေနဲ့ မအားကြရှာဘူး ထင်ပါရဲ့...။ 


ဒါနဲ့ MPC အင်တာနက်စာမျက်နှာမှာ တက်ကြည့်မိတော့လည်း Vision တို့၊ Mission တို့ထဲမှာ ဒါမျိုး တို့မီး ရှို့မီး လုပ်ရန်လို့ မတွေ့မိပါဘူး...။ 

Vision 

The Myanmar Peace Center plays a key role in the development of a peaceful nation inclusive of Myanmar’s ethnic diversity. 

Mission 

To contribute to sustainable peace and an overall political settlement to the benefit of all the citizens of Myanmar. 

The Myanmar Peace Center achieves its mission by providing policy advice and strategic level guidance as well as coordinating government activities in the following key areas: 

1. Ceasefire Negotiations and Implementation 
2. Peace Negotiations and Political Dialogue 
3. Coordination of assistance in conflict affected areas 
4. Outreach and Public Diplomacy 
5. Mine Action 
6. Geo spatial and Resources 

About MPC 

- Established to assist the Union Peace-making Central Committee and the Union Peace-making Work Committee for the peace process. 
- Serving as the focal point for international partners and civil society organizations on issues related to the peace process. 
- Facilitating dialogue among government and non-state actors. 

ဒါနဲ့ ဌာန ၃-၄ ခုက ထိုင်းမိတ်ဆွေတချို့ဆီကို လှမ်းမေးကြည့်မိတယ်...။ ၃ ဌာနက မိတ်ဆွေတွေက ဟုတ်တယ်လို့ အကြောင်းပြန်တယ်...။ ခါတိုင်းလို အဲဒီစာ ငါ့ကို ကော်ပီ ပေးပါလားလို့ တောင်းတော့... ဒီတခါတော့ မပေးပါရစေနဲ့လို့ တောင်းပန်တယ်...။ တယောက်ကတော့... ဟောဒီမှာ ကြည့်တဲ့... သူတို့ရတဲ့ ကော်ပီကို အွန်လိုင်းပေါ်မှာ စကားပြောရင်း မြှောက်ပြတယ်...။ 

အကြောင်းပြချက်က ဘာလဲလို့ မေးတော့... ၃ ချက်တဲ့။ 

၁။ ပြည်တွင်းက ကျောင်းသားတွေ ဆန္ဒပြဖို့ အားပေးအားမြှောက်ပြုနေတယ် ... 
၂။ ကျောင်းသားတွေကို ငွေရေး၊ ကြေးရေး ထောက်ပံ့ပေးနေတယ် ... 
၃။ လိုအပ်ရင် လက်နက်ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ဖို့ ပြင်ဆင်နေတယ် ... တဲ့...။ 

ကျနော်လည်း ရယ်ရင်းမောရင်း... တကယ်တော့ ငါလည်း အဲဒီ ၃ မျိုးလုပ်ချင်တာ... အခြေအနေမပေးလို့သာ... လို့ ပြန်ပြောတော့ သူတို့လည်း ရယ်နေကြလေရဲ့ ...။ 

အဲဒီတော့... မင်းတို့ ဘာဆက်လုပ်မလဲလို့ မေးတော့... ခပ်ပြုံးပြုံးနဲ့ အရင်လိုပဲ လုပ်ရမှာပေါ့... တဲ့ (စာရွက်ကို ဖိုင်တွဲတဲ့ ပုံစံ လုပ်ပြတယ်)...။ ဒါပေမယ့် ထုံးစံအတိုင်း တခုတော့ သတိတော့ပေးတယ်...။ မင်းတို့အကြောင်းမသိတဲ့ တခြားအဖွဲ့တွေ (ထိုင်းလုံခြုံရေးဌာနများ) လည်း ရှိနေတယ်... ဆိုတော့ သတိတော့ထားကြပေါ့... တဲ့။ ကျနော်လည်း ထုံးစံအတိုင်း ခေါ့ခွန်း မာ့မာ့ ခရပ်... လုပ်လိုက်ရတာပေါ့...။

နောက်ဆုံး MPC ဆိုတာ ဘာလဲ သိလား... လို့ သူတို့ကို ပြန်မေးလိုက်တယ်... ဘာလဲ ပြောပါဦးတဲ့ ..... 

Maniac Problematic Clowns... လို့ ...။ 

ခွန်ထိုင်းတွေ ခွက်ထိုးခွက်လန် ရယ်မောနေကြလေရဲ့  ...။

အော်... မကြာ မကြာ ထ ထ ကြည့်ရတာ အိပ်ရေးပျက်ပေမယ့် တခါ တခါတော့လည်း MPC ရှိတာ အပျင်းတော့ပြေသား... လို့ တွေးမိတယ် ...။ ။ 

ကျော်ကျော်ငြိမ်းချမ်း 

No comments: