Wednesday, April 8, 2015

နေပြည်တော် ၄၈ ပွင့် ဆွေးနွေးပွဲ

သမ္မတ အိမ်တော် ငုရွှေဝါ ခန်းမမှာ ပြုလုပ်ခဲ့တဲ့ ၄၈ ပွင့် ဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒုတိယ သမ္မတတွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ၊ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ စုစုပေါင်း ၄၄ ဦး တွေ့ဆုံခဲ့ကြပါတယ်။ 




ဒီလိုတွေ့ဆုံရာမှာ ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေး မူကြမ်း လက်မှတ်ရေးထိုးခဲ့တဲ့ကိစ္စ၊ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ချောမွေ့ရေး၊ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတည်ငြိမ်ရေး စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ 










ဒီဆွေးနွေးပွဲကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရီးလွန်နေလို့ တက်ရောက်ခဲ့ခြင်းမရှိသလို ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ တခြား တိုင်းရင်းသားခေါင်းဆောင် ၂ ဦးတို့လည်း တက်ရောက်နိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ 

သတင်း၊ ဓာတ်ပုံ - ဘီဘီစီ 

 

No comments: