Sunday, April 12, 2015

အနက်ရင့်ရင် သင်္ကြန် (ထိန်လင်း)

အနက်ရောင် တံတိုင်းထဲမှာ 
ဘယ်နေရာ ဘာတွေပဲသသ 
ဖြူလွ ညီမျှ ပီသဖို့ ဘယ်မမြင် 
ရေစင်တွေ ဘယ်လိုလောင်လောင်း 
မပြောင်းတဲ့ ကောင်းကင်အောက် 
ပိတောက်လည်းမဲ နေလည်းမှောင် 
မဟူရာအရောင်နဲ့ သင်္ကြန် 
ပန်းပန်သူတွေသာ ပျော်ကြပါ။ ။ 

ထိန်လင်း 
၁၃-၄-၂၀၁၅ 
သင်္ကြန်အကြိုနေ့

No comments: