ထွက်ပြေးသွားတဲ့ လူမည်းတစ်ဦးကို Michael Slager က သေနတ်နဲ့ ပစ်ခတ်တဲ့ ဗွီဒီယိုမှတ်တမ်း ထွက်လာပြီးတဲ့နောက် အခုလို စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။
သေနတ်ပစ်ခတ်နေတာကို မိုဘိုင်းဖုန်းနဲ့ ရိုက်ထားတဲ့ ဗွီဒီယို ကြည့်ပြီးတဲ့နောက် ပြည်နယ် စစ်ဆေးရေးအရာရှိတွေက North Charleston မြို့ ရဲအရာရှိဖြစ်သူ Michael Slager ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ လူမည်းဖြစ်သူ Walter Lamer Scott ဟာ ရဲအရာရှိက သေနတ်နဲ့ သေချာချိန်ပြီးမှ ပစ်ခတ်ခံရတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
North Charleston မြို့တော်ဝန် Keith Summey ကတော့ အမှားလုပ်တဲ့သူဟာ သာမန်လမ်းပေါ်က အရပ်သားပဲဖြစ်ဖြစ်၊ ရဲအရာရှိပဲဖြစ်ဖြစ် အဲဒီ အမှားကို ရင်ဆိုင်သွားရမှာပဲလို့ ပြောကြားခဲ့ပါတယ်။
အမေရိကန် တရားရုံးက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ။
သတင်း - ဘီဘီစီ
No comments:
Post a Comment