ကြွေမှာကြောက်လျှင်
ပိတောက်မပွင့် ...
မှောက်မှာစိုးလျှင်
မိုးသဲလေကြမ်း လှေကမ်းမခွာ ...
နာမှာတွေးလျှင်
သွေးလူးခြေထောက်
ဘယ်ဆက်လျှောက်မလဲ ...
ကြွေစမ်း
မှောက်စမ်း
ပန်းတိုင်ရှေ့မှာ
ကြွေတာဟာ ပွင့်ခြင်း
လှေတစ်စင်း မှောက်ရင်
နောက်မှာ လှေတစ်ရာ
ခြေရာနဲ့ သွေးစက်
ရှေးအဆက်ဆက်ချန်ရစ်
(အဲဒါ ...)
လမ်းပြမြေပုံတွေ ဖြစ်တယ် ...။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment