Tuesday, March 10, 2015

ဒေါင်းဖမ်းတဲ့ ပွဲ - မောင်စိန်ဝင်း (ပုတီးကုန်း)

ကျောင်းမြေမှာ 
အလောင်းတွေထပ် 
ဒေါင်းတွေ သတ်ခဲ့တဲ့ သမိုင်းအစဉ်။ 

သေနိုင်ရိုးတဲ့လား 
ဒေါင်းမျိုးဆိုတာ ဖြတ်ဖျက်မရတဲ့ 
သမဂ္ဂရဲ့ သွေး သမိုင်းဝင်။ 

တော်လှန်တဲ့ နွေသမိုင်းကို 
အမွေရိုင်းအောင် အာဏာသုံး 
မာယာဖုံးပါလို့ ညွတ်ကွင်းဆင် 
ဇွတ် အတင်းဝင် ရိုက်နှက်ဆွဲ။ 


ဖိနှိပ်သူတို့ သမိုင်းမပျက် 
ရိုင်းချက်နာ အရုပ်ဆိုးအောင် 
မုဆိုးတွေ ကျောင်းအပြင်လမ်းမှာ 
(ရက်ရက်စက်စက်) 
ဒေါင်းအရှင်ဖမ်းတဲ့ ပွဲ။ ။ 

မောင်စိန်ဝင်း (ပုတီးကုန်း) 

No comments: