Thursday, March 5, 2015

ခွေးဆွဲတဲ့ ညနေ (မောင်လွမ်းဏီ)

မတ်နဲ့ တပေါင်း၊ တပေါင်းနဲ့ မတ် 
ကျောချင်းကပ်ရင်၊ ရင်ချင်းထပ်ရင်။ 

သွေးသွန်ချောင်းစီး 
အရေးကြီးပြီ၊ သွေးနီးကြစို့ 
အရေးတော်ပုံ အောင်ရမည်။

တိုက်ပွဲထဲမှာ 
သူရဲကောင်းများ မွေးဖွားခဲ့ 
သူရဲကောင်းများ 
တိုက်ပွဲလင့်ကြို တေးဆိုသည်။ 

ခွေးဆွဲတဲ့ ညနေ 
သေရာပါမဲ့ ဒဏ်ရာပဲ။ ။ 

မောင်လွမ်းဏီ 
၅ - ၃ - ၂၀၁၅ 

 

No comments: