တပေါင်း
ရာဇဝင်ကြောင်းကို
မီးမောင်းထိုးပြပြန်ပြီကော။
တပေါင်းဆိုတာ
မဟာမီးခဲ၊ ရဲရဲတောက်လောင်
အမှောင်ခေတ်တိုင်း ဆိုပါတော့။
မတ်နဲ့တပေါင်း၊ တပေါင်းနဲ့မတ်
ကျောချင်းကပ်ရင်၊ ရင်ချင်းထပ်ရင်
မြတ်သောသေခြင်း
ရုပ်ကြွင်းကျောက်ဖြစ် တွေ့ရမယ်။
တပေါင်း
တပေါင်း
ဒေါင်းခွပ်သံတို့ ညံစီလျက်။ ။
မောင်လွမ်းဏီ
၁၃ - ၃ - ၉၃
(ဓာတ်ပုံဆရာလေးကို ကျေးဇူးမှတ်တမ်းဖြင့်)
No comments:
Post a Comment