Thursday, February 12, 2015

ဖေ့စ်ဘွတ် အကောင့် ဆက်ခံသူကို ရွေးနိုင်တော့မယ်

ဖေ့စ်ဘွတ် အသုံးပြုသူတစ်ဦးဦး သေဆုံးတဲ့အခါ သူ့ရဲ့အကောင့်ကို ကျန်ရစ်သူတစ်ဦးဦးက လက်လွှဲဆက်ခံနိုင်စေဖို့ ကြိုတင် ရွေးချယ်ထားနိုင်မယ့် နည်းလမ်းကို ဖေ့စ်ဘွတ်က မိတ်ဆက်လိုက်ပါတယ်။ 

ဒီနည်းလမ်း ပေါ်ထွက်မလာမီ အချိန်အထိ အကောင့်ပိုင်ရှင်တစ်ဦးဦး သေဆုံးလို့ ဖေ့စ်ဘွတ်ကို အကြောင်းကြားခဲ့ရင် အဲဒီလူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက သူ့ကို အမှတ်ရတဲ့ စာမျက်နှာအဖြစ် ပြောင်းလဲသွားမှာဖြစ်ပေမယ့် အဲဒီ စာမျက်နှာမှာ တခြား ဘာမှ ပြုပြင်ပြောင်းလဲလို့ မရပါဘူး။ 


အခုတော့ Legacy contact လို့ ခေါ်တဲ့ အမွေဆက်ခံသူကို ရွေးချယ်ထားနိုင်မယ့် နည်းလမ်းအရ အကောင့်ပိုင်ရှင် သေဆုံးတဲ့အခါ အဲဒီ ဆက်ခံသူက သေဆုံးသူရဲ့ အမှတ်ရ စာမျက်နှာပေါ်မှာ ပို့စ်တင်တာ၊ Friend အသစ်တွေ လက်ခံတာ၊ Profile ပုံနဲ့ Cover ပုံတွေ ပြောင်းတာ စတာတွေ လုပ်လာနိုင်တော့မှာ ဖြစ်ပါတယ်။ 

ဒါပေမယ့် အခု မိတ်ဆက်လိုက်တဲ့ Legacy contact ရွေးချယ်တဲ့ နည်းကို လောလောဆယ်မှာတော့ အမေရိကန်က ဖေ့စ်ဘွတ် အသုံးပြုသူတွေသာ ရရှိဦးမှာဖြစ်ပြီး တခြားနိုင်ငံတွေက ဖေ့စ်ဘွတ်သုံးသူတွေအတွက် နောက်မှ ဆက်လက် တိုးချဲ့ပေးသွားမယ်လို့ သိရပါတယ်။

သတင်း - ဘီဘီစီ 

 

No comments: