Tuesday, January 6, 2015

လွှတ် (မောင်လွမ်းဏီ)

လက်ဝါးထောင်၍ 
အမည်ရှေ့မှာ ရေးထွင်းပြတယ်။ 

ညာလက်ဝါးက 
သံမဏိဓား၊ ပါးပါးလေးလို 
သံချေးမတက်။ 


ဘယ်လက်ဝါးက 
ထောင်အပြင်တန်း၊ တိုက်နှုတ်ခမ်းကို 
လမ်းပြရဲတယ်။ 

ထောင်နံရံမှာ၊ လက်ကျန်စာရင်း 
အကြွင်းသုည လိုချင်လို့ပဲ၊ 
ကဲ 
လက်ဝါးယောင်ပြ၊ မှတ်မိကြလား 
ထောင်ကို ပါးရိုက်ခဲ့တဲ့လက်။ ။

မောင်လွမ်းဏီ 
၅ - ၁ - ၂၀၁၅ 

No comments: