Sunday, January 18, 2015

လမ်းမကြီးဆီ (မောင်လွမ်းဏီ)

ဒီဇင်ဘာ ၂၀ ရက် တမ်းချင်း
(သို့မဟုတ်) ရဲဘော်ရဲ့ကဗျာ* ကို
ဇန်နဝါရီ ၂၀ လမ်းမထက်မှာ ကျဲဖြန့်လိုက်
ကျဲဖြန့်လိုက်ကြ။

ဒါဟာ
တို့တတွေ ဟစ်ကြွေးကြတဲ့
စတုတ္ထ ကျောင်းသားသပိတ်ရဲ့
အမျိုးသားပညာရေး ကမ္ပည်းထိုးသံပဲ။


ငနုံတို့
ကိုးကွယ်မှုမှန်သမျှ ကျဆုံးရမယ်
လိမ်လည်မှုမှန်သမျှ
လုံးစေ့ပတ်စေ့ ဒီနေ့ မီးလှန်တိုက်ကြရလိမ့်မယ်။

ချီကြ ချီတက်ကြ
တို့တတွေ ချီတက်ကြရမယ်။
သမဂ္ဂအလံတော်အောက်
တကသ မြက်ခင်းပြင်အရောက်။ ။

မောင်လွမ်းဏီ 
၁၈ - ၁ - ၂၀၁၅

* မောင်လေးအောင် ဒီဇင်ဘာ ၂၀ ရက် တမ်းချင်း (သို့မဟုတ်) ရဲဘော်ရဲ့ကဗျာ 


No comments: