စစ်တပ်က ဖိ
တရုတ် အိသည်
မြေကိုချစ်မိ
အပြစ်ရှိလား။
မျက်ရည်အိုင်ထွန်း
သွေးတွေစွန်းခဲ့။
ဘုရားပုထိုး စေတီကျိုးပြတ်
မြေသို့ခသည်
ထန်းပင်ထန်းတော
လွမ်းမောဆိတ်သုဉ်း
ဘုန်းဘုန်းလဲကျ လုပ်ရက်ကြသည်။
အုန်းအုန်းကျွက်ကျွက် ယာမြေဖျက်သံ
ဘဝဂ်ညံခဲ့
တောင်သူနှလုံး ကြိမ်မီးအုံးခဲ့
အပူပင်လယ် ဆယ်နေထက်ကဲ
ရင်ကွဲပက်လက်
မမြင်ရက်စရာ
လက်ပံတောင်းမြေ
တောင်တွေ တောတွေ ငိုကုန်ပြီ။ ။
ခိုင်မာကျော်ဇော
(ဒီဇင်ဘာ ၂၆၊ ၂၀၁၄)
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment