ကိုယ်ယုံကြည်တာကိုသာ
ကိုယ်လုပ်နိုင်ရမယ်ဆိုတဲ့
ဆုံးဖြတ်ချက်နဲ့
ဘဝတစ်ခုလုံးဆီမှာပုံလို့
ယုံကြည်ချက်အလံကို တင်လိုက်သူ
ဆုံးရှုံးလွန်းအား ကြီးမားလို့
ကိုယ့်နောက်ကို လှည့်ကြည့်လိုက်ရင်
တစ်ယောက်မှ
မရှိတော့ရင်လည်း
ကြေကွဲဝမ်းနည်းပုံမရ
ဘဝနဲ့ယုံကြည်ချက်က တစ်သားထဲ
သေရမယ်ဆိုလည်း
သေရဲတဲ့စိတ်က
သူ့ဘဝကို သူပုန်ဖြစ်စေပေါ့ ...။
ဆွေနွယ်ငြိမ်း (နတ်တလင်း)
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment