ငါဟာ
တောင်ကျချောင်းလေးနံဘေးက
ပုဇွန်စာရွက်ကလေးတွေကို
တိတ်တိတ်ကလေးစားနေတဲ့ ယုန်လေးတကောင်ပါ။
ငါဟာ
ငါ့အမောကို ငါ မဖောက်မခြင်း
ကမ္ဘာမြေရဲ့အဆီအနှစ်ပိုင်းထိ
ငါ့ခွာတွေနဲ့ ထိုးခွဲပစ်နေတဲ့
သန်မာထွားကြိုင်း ပြိုင်မြင်းတကောင်ပါ။
ငါဟာ
အသံသာကြားရပြီး
ကိုယ်ထည်ကိုရှာမတွေ့တဲ့
စူးစူးရှရှလွမ်းလျလျအော်နေတဲ့
ဟိုးသစ်ပင်ထိပ်ဖျားက
ပုဇဉ်းရင်ကွဲတကောင်ပါ။
ပြီးတော့
ငါဟာ
အလှပဆုံးအိပ်မက်တွေကို မက်ခဲ့ရပြီး
အဲဒီအိပ်မက်တွေကို ပြန်ချရေးကြည့်တဲ့အခါ
ငါဟာ
ပိုးထိုးခံထားရတဲ့ ရာသီတခုလေးတခုပါ။
ဒီလက်မျိုး
(ခေတ္တ) အမေရိက
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment