ဘုရားဆိုတာ ကြောက်ရွံ့မှုရဲ့ သန္ဓေသား
လူဖန်ဆင်းတဲ့ ချာတိတ်တယောက်
ပန်းပုဆရာရဲ့ အနုပညာ...
လူရွှန်းရဲ့
စိတ္တဇဒိုင်ယာရီထဲ
လမင်းကို မမြင်ရတာ
အနှစ် ၃၀ ကြာပြီ... တဲ့
ဘုရား
ခင်ဗျားကို
နားကြားမြင်ကပ်ခဲ့တာ
၄၁ နှစ်ကျော်ကြာပြီ
မင်းတို့ဗုဒ္ဓကို ငါ မယုံဘူး
မင်းတို့ခရစ်တော်ကို ငါ မယုံဘူး
မင်းတို့မို့ဟာမက်ကို ငါ မယုံဘူး
သွေးထွက်သံယို
ဘာသာတရားတွေကို
ငါ မယုံဘူး
လူ့ဘဝထဲ ရောက်လာတာ
နိဗ္ဗာန်ရောက်ဖို့ မဟုတ်ဘူး...
ထာဝရအသက်ကို ရရှိဖို့လည်း မဟုတ်ဘူး...
ယဇ်ပူဇော်ပွဲနဲ့ ပါတီပေးဖို့လည်း မဟုတ်ဘူး...
ဒီအတိုင်းပဲထားလိုက်ပါ
ဘုရားဟာ
လမ်းကြုံလို့ နတ်ကနားမှာ
ဝင်မူးလိုက်ဦးမယ်ဆိုတဲ့ကောင်စား... လို့
ငါ ပြောခဲ့တယ် ဆိုပါစို့...
သစ်ကောင်းအိမ်
(၁၆ ဖေဖော်ဝါရီ၊ ၂၀၁၄)
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment