ဂနေ့ ညနေက ခြေတုတစ်ဘက်နဲ့ ဘဝကိုရုန်းနေရတဲ့ သာမန်ပြည်သူ ဘွားတော်ကြီးတစ်ဦးကို ဓာတ်ပုံရိုက်မိပြီး လက်ဖက်ရည်ဆိုင်ထိုင် အတွေးချဲ့မိတယ်။
အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လက်အင်္ဂါစွန့်ရတဲ့ သာမန်ပြည်သူတွေဘဝမပြောနဲ့ တိုက်ပွဲမှာ ပြတ်တောက်ကုန်တဲ့ တပ်မတော်သားတွေထဲမှာတောင် ၂ မျိုး ၂ စားရှိတယ်။
တစ်မျိုးက ဝထ္တုစာအုပ် လည်ရောင်းရင်ရောင်း မရောင်းရင် နီးစပ်ရာမီးပွိုင့်တို့ လူစည်ကားရာ အရပ်တို့မှာ ပိုက်ဆပ်လိုက်တောင်းစားပဲ။
ဒုတိယတစ်မျိုးကတော့ နည်းနည်းလည်လည်ဝယ်ဝယ်ရှိတော့ လေအေးစက်အောက် နေရာရကြတယ်၊ ဒုတိယအမျိုးအစားကလည်း ဘဝတူတွေအတွက် စုတ်သာသပ်ကြတာ ဘာမှမတတ်နိုင်ရှာကြဘူး၊ အလကားနေ အာချောင် သွားလျှာရှည်ရင် ကိုယ့်ရှိတဲ့နေရာလေးတောင် ပြုတ်သွားမှာကိုးးး၊ ဘဝတူတောင် ရှေးကံဇာတာကြောင့်လားပဲ အပူနဲ့အအေး ခြားကုန်ကြတယ်။
လက်ရှိအာဏာပိုင်အဖွဲ့အစည်းကိုလည်း ကြည့်လိုက်အုန်း ... ကိုယ်လက်အင်္ဂါ အကောင်းပကတိရှိတာတောင် သူတို့ဘဝတွေ ဆွေစဉ်မျိုးဆက် ပြတ်ကုန်တောက်ကုန်မစိုးလို့ တုံဏှိဘာဝေပဲ ... ပြတ်ချင်တဲ့သူပြတ်ကြ ... ကိုယ်မပြတ်ဖို့အရေးကြီးတဲ့မူ။
ဒီတော့ကာ မနေ့က မင်းကိုနိုင်တို့ ပြကြလှစ်ကြတဲ့ လူ့အခွင့်အရေးဆိုတာကြီးထဲ ... ထိုသာမန်ပြည်သူတွေ သာမန်ရဲဘော်တွေဘဝတော့ ဒီတစ်သက် မမျှော်လင့်ကြလေနဲ့ ... စိတ်မကောင်းဘူး ... မကျေနပ်ရင် တစ်က ပြန်စကြပေတော့။
ဟစ်တလာရဲ့ “ပေါင်မုန့်တစ်ချပ်အကြောင်း စဉ်းစားခိုင်းသောမူ” နဲ့ အုပ်ချုပ်နေတာကိုး။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment