တွင်းများ ...
မြွေများ ...
တွန့်လိမ်ကွေးကောက်သော အလေ့အထများနှင့် ...။
တွင်းများ
မြွေများ
တွင်းဝင်မဖြောင့်ခြင်းသော သီအိုရီများအရ ...။
တွင်းများ
မြွေများ ...
စိတ်သီအိုရီ ... အရေခွံလဲသောနေ့များနှင့် ...။
တွင်းများ
မြွေများ ...
အဆိပ်မဲ့ခြင်း ... ရစ်ခွေခြင်းများနှင့် ...။
ပြန်ရခက်တဲ့ မြွေတွေ
နှပ်ကြောင်းတလျောက်မှာ
လျောခနဲ ... လျောခနဲ ...
ဘဝ ဒိုင်ယာဖရမ်ကိုယ်စီဆွဲ ခြစ်ကြောင်းအထပ်ထပ်နဲ့ ...
သီအိုရီကို ခုတုံးလုပ် ... သားလျောကျတဲ့နေ့ကျမှပဲ ...
အဲ့ဒီမြွေတွေပဲပေါ့ ...
လျှာ ပြူတစ် ပြူတစ်နဲ့
တွင်းဝမှာ အစုလိုက် အပြုံလိုက် ...
ပိတ်မိနေလိုက်ကြပုံများ ...။
ဆောင်းလူ
ဇန်နဝါရီ ၁၁၊ ၂၀၁၄
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment