ကောင်းကင်မှာ ကြယ်တွေ
တပွင့်ပြီးတပွင့် ကျဆုံးချိန်
မြေပြင်ပေါ်က
ရုပ်တုတွေ တဆူပြီးတဆူ
ပြိုလဲကုန်နေတော့
အရူးတွေကို ပူဇော်မယ်
အရက်ဖိုးပေးသူကို လေးစားမယ်
ကိုယ့်မယားကိုယ် ကြည်ညိုမယ်
မှားတက်မိတဲ့ မှတ်တိုင်မှာ
ကားစပယ်ယာက
ကိုယ်ချင်းစာတရားအကြောင်း ဆုံးမတယ်
ဖောက်ဖတ်မိတဲ့မေတ္တာတရားမှာ
ထောင့်သန်းပိုးမွှားပါတယ်
ကျေးဇူးတရားဆိုတာတွေနဲ့
အနိုင်ကျင့်ခံရပေါင်းလည်း များလှပါပြီကွယ်
ဒိုင်တွေ ပြောင်းသွားတယ်
နည်းပြတွေ ပြောင်းသွားတယ်
ကျောနံပါတ်တွေ ပြောင်းသွားတယ်
အသင်းကတော့ ဒီအသင်းတွေပဲ
ကစားကွက်ကလည်း
ဒီကစားကွက်အတိုင်း
စာမျက်နှာတွေပြန်လှန်တော့
ဟဲဗီးဝိတ်ချန်ပီယံဟာ
မိုက်တိုင်ဆန်တယောက်တည်း မဟုတ်ခဲ့ပါ။ ။
(2000- )
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment