Wednesday, September 4, 2013

မိန်းကလေးတွေကို ပြန်ပေးဆွဲ သားမယားပြုကျင့်ခဲ့သူ အဆုံးစီရင်သွား

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက အမျိုးသမီးငယ် သုံးယောက်ကို ပြန်ပေးဆွဲခဲ့ပြီး ဆယ်စုနှစ်တခုနီးပါး သားမယားပြုကျင့်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းရိုးပြည်နယ်က Ariel Castro အေရီရယ် ကတ်စရို ဆိုသူဟာ ထောင်ထဲမှာ အိပ်ရာခင်းစကိုသုံးပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်လို့ သေမှုသေခင်း အရာရှိတယောက်က အတည်ပြုပြောကြားလိုက်ပါတယ်။ 

သူဟာ လွန်ခဲ့တဲ့တလတုန်းကမှ သေဒဏ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ 


မစ္စတာ ကတ်စရိုကို ထောင်ထဲမှာ အစောင့်အရှောက်နဲ့ထားတာဖြစ်ပြီး နာရီဝက်တခါ စစ်ဆေးနေတာဖြစ်ပေမယ့် အမြဲမပြတ်ကြည့်ရှုနေတာတော့ မဟုတ်ဘူးလို့ သိရပါတယ်။ 

သူ့ကို စိတ်ရောဂါဆရာဝန်နဲ့ ကုသခွင့်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက ငြင်းပယ်ခဲ့တယ်လို့ သူ့ရှေ့နေတွေက ပြောပါတယ်။ 

သူ ဖမ်းဆီးပြန်ပေးဆွဲထားတဲ့ အမျိုးသမီးတွေထဲက တယောက်က ထွက်ပြေးလွတ်မြောက်သွားပြီး အိမ်နားကလူတွေကို အကူအညီတောင်းမှုကြောင့် သူ့ကို ပြီးခဲ့တဲ့ မေလက ဖမ်းမိခဲ့တာဖြစ်ပါတယ်။ 

(သတင်း - ဘီဘီစီ၊ ဓာတ်ပုံ - အေဘီစီ)


 

No comments: