တချောင်းပြီး တချောင်း
တထောင်းထောင်း ပြတ်ထွက်ကုန်တဲ့အခါ
ငါဟာ ဝစ်လစ်စလစ်ဂစ်တာ
ငါ ယုံကြည်တဲ့ဆားပွင့်တွေ
တပွင့်ပြီး တပွင့်
တလွင့်လွင့်အငွေ့ပျံ
ဆားငန်နှုန်းတွေ ပျောက်ဆုံးသွားတဲ့အခါ
ငါဟာ ဝစ်လစ်စလစ်ပင်လယ်
ငါ မျှော်ကိုးခဲ့တဲ့အချက်ပြမီးခိုးတွေ
အညွှန့်ချိုးခံရ
ပြာပုံအောက်
တရှဲရှဲတိုးဝင် ပျောက်ကွယ်သွားတဲ့အခါ
ငါဟာ ဝစ်လစ်စလစ်မီးတောက်
သတိမေ့ လွင့်မျောသွားတဲ့ဝိဉာဉ်
အိမ်ပြန်အလာ
ကိုယ့်ခန္ဓာကိုယ်ထဲ ကိုယ်ပြန်ဝင်မရဖြစ်နေသလိုမျိုး
ကဗျာထဲ ငါပြန်ဝင်မရဖြစ်နေပုံက … …။ ။
သစ်ကောင်းအိမ်
(၁၂ ရက် သြဂတ်စ်လ ၂၀၁၃)
သရုပ်ဖော်ပုံကို ဒီက ယူပါတယ်။
No comments:
Post a Comment