ပလက်ဖောင်း
ခေါင်းငိုက်စိုက်ချ အိပ်မောကျနေသလောက် ...
ကလက်တက်တက် မီးပွိုင့်
နီလာလိုက် ...
ဝါလာလိုက် ...
တခါ တခါ
စိမ်းသွားလိုက်နဲ့
လူကူးမျဉ်းကျားကို မျက်စပစ်ပြနေတယ် ...။
လစ်ဘရယ်ကျတဲ့ လမ်း
စမ်းခရီးသွားရတာ
တဖြည်းဖြည်း
မျဉ်းတွေ များလာတယ် ...
အတွေးတွေ များလာတယ် ...
အခေါ်တွေ များလာတယ် ...
ခိုတွေ များလာတယ် ...
ကျီးတွေ များလာတယ် ...
ဟိုဟာ များလာတယ် …
ဒီဟာ များလာတယ်နဲ့
တဖြည်းဖြည်း
များလာတယ် ...
များလာတယ် ...
ဝါးလာတယ် ...
မှားလာတယ် …
မနက်လည်း တကုတ်ကုတ်
ညလည်း တကုတ်ကုတ်
ဘဝ
နီးစပ်ရာ နီးစပ်ကြောင်း
ပြိုင်ပွဲဝင်ဖို့ တာဆူနေသလားတောင်မှတ်ရတယ် ...။
ကြည့်ပါလား
အကန်းတသိုက်နဲ့ ကဗျာဖတ်ရတာ
ကဗျာတွေ တိုးပွားလာတယ်ဆိုတာ ...။ ။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
2 months ago

No comments:
Post a Comment