Friday, February 1, 2013

အနုပဋိ … လမ်းမ (ကမာပုလဲ)

မျက်ရည်စတွေကို
အမေ့ခြေဖမိုးပေါ်မှာ ထားခဲ့တယ် …။

တုံ့နှေးနေတဲ့ ခြေလှမ်းတွေကို
အိမ်ရဲ့ တံစက်မြိတ်မှာ ထားခဲ့တယ် …။

ဂစ်တာအိုကလေးကို
ပြန်လာခဲ့မယ်ဆိုတဲ့ အချစ်နဲ့ ကြိုးညှိထားခဲ့တယ် …။


လွယ်အိတ်ကလေးထဲမှာ
ရေးလက်စ ကဗျာစတွေကို ထားခဲ့တယ် …။

ချစ်သူတွေကို
ဇာတိမြေက ကဖေးဆိုင်ကလေးမှာ ထားခဲ့တယ် …။

၂၄ နှစ်ကြာတဲ့အခါ
သစ္စာဖောက်ခံခဲ့ရတဲ့ နှစ်ကာလတွေကို
မာရ်နတ်ရဲ့ လက်နက်ချ ယဇ်ပလ္လင်ထက်မှာ ထားခဲ့တယ် …။

အိမ်ပြန်ချင်မယ့် အလွမ်းကိုတော့
မနက်ဖြန်အတွက် ယုံကြည်ပိုင်းဖြတ်ခြင်းမှာ
ထာဝရ မြှုပ်နှံထားလိုက်တယ်လေ …။ ။

ကမာပုလဲ 
၂၂၊ ၁၊ ၂၀၁၃။


 

No comments: